တို့မြိတ်ဒေသ
ထမင်းဝိုင်းတွင် သူမပါလျှင်
ဘယ်မှာ ပြီးပြည့်စုံမည်နည်း။
ထမင်းပွဲ၌
ကြက်၊အမဲ၊သားငါး ဟင်းလျာများစွာ
ထွေပြားစုံလင် စားစေချင်အောင်
ပြင်ဆင်ထားရှိ ကောင်းမွန်ဘိလည်း
တိတိကျကျ ဖွင့်ပြောရသော်
သူမပါလျှင် မပြည့်စုံ။
ငယ်စဉ်တုန်းက တို့ဘ၀၌
ထမင်းသာရှိ ဟင်းမရှိနေ့များ
ကြုံရငြားလည်း အနားမှာသူရှိ
အင်အားဖြည့်စွမ်းပေးခဲ့၏။
လုပ်သား လယ်သမား
ဆင်းရဲသားတို့ လုပ်အားခ၀င်ငွေ
သုံးစွဲငွေနှင့်မမျှ ဖောင်းပွငွေကြေး
ထိန်းညှိရေးတွက် တွေးဆစဉ်းစား
အဖြေကားမရ အတွေးရပ်ပစ်
သူနှင့် နှစ်ပါးသွား က,လိုက်ရ။
"သရက်ကင်း" " ဖန်ခါး"
အသီးစားလျှင် သူ့အားဘေးဆယ်
မျက်ကွယ်ပြု၍ မရနိုင်။
"မုန်လာချဉ်ဖတ်" သင်ကြိုက်တတ်လျှင်
တွဲစပ်သူ့အား စားရသည်။
"ဒညှင်းသီချဉ်ဖတ်" သင်စားတတ်လျှင်
တွဲစပ်သူ့အား စားရသည်။
သူ့ကိုမြွက်ဟ ထုတ်ပြောရမူ
မြိတ်သူ/မြိတ်သား ပြည်သူများ၏
အားထားငယ်ချစ် "ငါးပိထောင်း"။ ။
Beautiful Words of Myeik
မြိတ်မြို့ကစာသံ၊ပေသံလေးတွေကြားချင်တယ်၊ ဖတ်ချင်တယ်။ (( အားလုံးနဲ့အတူ မျှဝေခံစားချင်ပါတယ် ))
ဘိတ်သူ/သားတွေရဲ့ ရင်တွင်းဖြစ်တွေ....
Wednesday, November 20, 2013
Monday, November 18, 2013
နားလည်ပါပြီ အမေ ((( ရှင်သွေးငယ်-မြိတ် )))
အမေ . . .
အမေ့ရဲ့နို့ရည်တစ်စက်နှင့်
သားလူ့ဘ၀ လူအဖြစ်ကို ရခဲ့ပေမဲ့
အမေ့ရဲ့ရင်ခွင်အေးရိပ်မှာ
မှေးအိမ်မယ် ကြံရွယ်နေတုန်း
လွန်ဆန်ဟန့်တားလို့မရတဲ့
လောကသင်္ခါရတရားတွေက
မေနှင့်သားကို
တစ်နေရာ တစ်ဘ၀ဆီသို့
ထာဝရခွဲခွာသွားခဲ့ပြီ အမေ။
တောင်းပန်ကျေအေးလို့မရတဲ့
သားရဲ့အတိတ်ဘ၀ ၀ဋ်ကြွေးတွေက
ယခုဘ၀ ခဏလေးတောင်
အမေနှင့် သားကို
ဆုံစည်းခွင့် မပေးတော့ဘူး အမေ။
ဖြူစင်အေးမြလှတဲ့
အမေ့ရဲ့မေတ္တာတရားကို
ရင်ခွင်မဲ့သားဘ၀နှင့်
မျှော်လင့်စောင့်စားရင်း
နောင်သံသရာဘ၀အဆက်ဆက်
အမေနှင့်သားအတူ ဆံစည်းခွင့်ကို
သားတို့ယုံကြည်ကိုးကွယ်တဲ့
မြိတ်မြို့နယ် စန္ဒ၀တ်ရွာလယ်က
စန္ဒ၀တ်အနောက်ကျောင်း
ထုံးဖြူဖြူ စေတီဟောင်းလေးမှာ
ဦးခိုက်ကာ ဆုတောင်းရင်း
မခေါ်ဘဲလာ မနှင်ဘဲ သွားတတ်တဲ့
လောကဓမ္မတရားတွေကို
အသိဥာဏ်နှင့် ပံ့ပိုးနားလည်ကာ
သားမျက်ဝန်းက မျက်ရည်မိုးတွေကို
လူသားတိုင်း ကြုံမယ့်လောကဓံဆိုးတွေပဲလို့
နားလည်ရင်း ဖြေသိမ့်ပြီး
ကျွန်တော် မငိုတော့ဘူး
နားလည်ပါပြီ အမေ . . . . . . ။ ။
**********************************
(((((( ၂၀၁၃ ခုနှစ်ထုတ်၊ အမှတ် (၃၂) မြိတ်မဂ္ဂဇင်း မှ ကူးယူဖေါ်ပြသည်။ )))))
Sunday, November 17, 2013
အဆုံးသတ်မဲ့ ((( ဇင်ကဗျာ )))
လောကဓံကြီးမှာ
နေ့ပြီးရင် ညရောက်တယ် ။
လမင်းက ပြည့်ပြီးရင် ကွယ်ရတယ် ။
နေမင်းကြီးက အရှေ့ကလာလို့ အနောက်ရောက်ရတယ် ။
စပြီးရင် ဆုံးရတဲ့
လောကဓံကြီးမှာ
အသစ်တွေဟာလည်း ဟောင်းရသေးတာပဲ့။
ဒါဆို
အချစ်တွေကရော . . . . . . . .???
မောင်
ကျွန်မကို
Valentine Day မှာ
နိဂုံးမရှိတဲ့ အချစ်တွေကိုပဲ့ပေးပါနော် ။ ။
************************
2014 ဖေဖေါ်ဝါရီ (14) Valentine Day မှာ ချစ်တဲ့သူတိုင်း အဆုံးမရှိတဲ့အချစ်တွေ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Beautiful Words of Myeik မှ
ဆုမွန်ကောင်းများတောင်းပေးလိုက်ပါတယ်--------
Wednesday, November 13, 2013
အမြင့်ပျံငှက် ((( နှိုင်းဇေယျာ - မြိတ် )))
ဘ၀တိမ်တိုက် မိုးကောင်းကင်ထက်
ပျံသန်းငှက်ငယ်တစ်ကောင်
တောင်ပံတွေခတ် သူပျံသန်းနေတယ်. . . . . ။
တိမ်စိုင်မည်းမည်း ဖုံးအုပ်ထားလို့
ရှေ့လမ်းဘယ်ဝယ် သူမမြင်ဘဲ
တစ်ခါတစ်လေလည်း ညိုးမိတယ် . . . . . . ။
အများကိုကျော်တက်
တောင်ပံဝံ့လို့ ကောင်းကင်ပြာထက်
တစ်ခါတစ်ရံလည်း ပျော်ခဲ့တယ် . . . . . . ။
နောက်ကျကျန်လို့
မာန်တွေလျော့မယ် သူကြံတိုင်းလည်း
အဖြစ်ချေဘူး အံကိုတင်းလို့
အားတင်းရင်းလည်း ပျံခဲ့တယ် . . . . . . ။
အများနဲ့ပြိုင် ကိုယ်မနိုင်လည်း
အများနဲ့ပြိုင် ကိုယ်နိုင်ရင်လည်း
ပျော်ရွှင်/၀မ်းနည်း မရှိဘဲလျှက်
ရည်ရွယ်ချက်ဖြင့် ရှေ့သို့သာချီ
သူပျံနေသည် . . . . . . ။
နောက်ကျလည်း မကြောက်
ရှေ့ရောက်လည်း မပျော်
ကောင်းကင်ပေါ်ထက် တောင်ပံဝံ့လို့
မိုးတိမ်ထိုးဖေါက် ရှေ့ဆက်လျှောက်မည်
ငါသည် အမြင့်ပျံငှက် ။ . . . . . . . ။
Monday, November 11, 2013
စက္ကူအိမ် (((( ဇင်ကဗျာ- မြိတ် )))
မောင်က
ကျမကို အိမ်လေးတစ်လုံးဆောက်ထားပေးတယ်---------
စက္ကူအိမ်လေးပေါ့ ။
ပြီးတော့
အဲဒီအိမ်လေးမှာပဲ နေထိုင်စေတယ် ။
စက္ကူရဲ့သဘောက
ရေစိုမယ်၊ စုတ်ပြဲမယ်၊ ပျက်စီးလွယ်တယ် ။
ကျမတို့နှစ်ယောက်
မခိုင်မာတဲ့ အိမ်လေးကို
ခိုင်မာတဲ့
ချစ်ခြင်းမေတ္တာတွေနဲ့
တည်ဆောက်လိုက်ကြတယ် ။
ကျမတို့ရဲ့ စက္ကူအိမ်လေးဟာ
အချစ်ရဲ့ သစ္စာတရားတွေကြောင့်
ခုတော့ . . . . . . .
ကျောက်သားကျောက်စိုင်တွေထက် ခိုင်ကြည်နေတော့တယ် ။
ဇင်ကဗျာ. . . . . .
ဒို့လောက်ဘယ်သူချစ်နိုင်လဲ..... ??? ((( တေးရှင်-မြိတ် )))
မှောင်ရီစပျိုး ညနေမျိုးဝယ်
အတူလမ်းလျှောက် ချစ်ရည်သောက်လျှက်
ရွှန်းလဲ့မျက်လုံး သူ့အပြုံးက
လမင်းတာရာ စုံညီသာလို
ရင်တသိမ့်သိမ့် ကျေနပ်လိုက်ရ။
ရင်တွင်းစကား နှစ်ကိုယ်ကြားမျှ
တီးတိုးရေရွှတ် တတွတ်တွတ်နဲ့
မထွက်ရဲထွက်ရဲ ရှက်သွေးကဲလျှက်
ခေါင်းငြိမ့်ဖွင့်ဆို သူ့အလိုကို
နှလုံးသားက သိလိုက်ရပြီ။
အမှောင်ထဲထဲ နှစ်ကိုယ်တွဲလျှက်
တစ်ဘ၀မှာ ချစ်ကမ္ဘာကို
အတူတည်ဆောက် လူလားမြောက်ခဲ့
အချစ်ကိုးစား သန္ဓေထား၍
နှောင်ကြိုးသန္ဓေ အတူနေမယ်
ငှက်ဖြစ်ရင်လည်း တစ်ကိုင်းတည်းနော်
ဆင်ဖြစ်ရင်တစ်ကျွန်း အတူယွန်းမယ်
ဒို့လောက်ဘယ်သူချစ်သလဲ ။ ။
*****************************
မြိတ်ကမ်းနား ချစ်စုံတွဲလေးကို ကြည့်ရင်း စိတ်ကူးရင်ရေးခဲ့တဲ့ ((((( တေးရှင် - မြိတ် ))))) ရဲ့
ကဗျာလေးကို အားပေးကြပါဦးနော်-----------------
ကစဥ့်ကလျား သီအိုရီ (((( ဇာမဏီ ))))
စိတ်တွေက ကစဥ့်ကလျားနဲ့
အနာဂါတ်တွေမှာ တိမ်တွေဖုံးလို့
ချစ်သူဆိုတာ မသေချာသေးတော့
လက်ကျန်ဘ၀တစ်ပိုင်းကို “ဇကာ”ချ ကြည့်ရင်
လူပျိုကြီးလုပ်ရင် ကောင်းမှာလား............????
အိမ်ထောင်ပြုရင် ကောင်းမှာလား... ???? လို့
အတွေးပွားစရာ တပုံတပင်နှင့်
ဆုံးဖြတ်ချက်တွေ ဘက်မညီလို့
(အမယ်လေး) မဏိမေခလာရယ်..
ဖုန်းနံပါတ်လေး “မစ” ပါအုံး........။
လူပျိုကြီးဘ၀ တခဏကို
အတွေးနဲ့တင် ကြောက်ခဲ့သူက
မိန်းမပြောင်းယူ ၄င်းအတူမို့
ရဟန်းအသွင်နဲ့ တောထွက်မယ်စိတ်ကူး
တကိုယ်တည်းမို့ အားငယ်တယ်.....။
ဘ၀ပင်လယ် သံသရာဝဲက
ရုပ်နာမ်တွေ သစ္စာတွေနဲ့
သတ္တ၀ါဒုက္ခ အနန္တမို့
ပါရမီပျိုးစေ့ အထုံပါစေဖို့..
(အမယ်လေး) ကိုရင်ကြီးပဲ့..လုပ်တော့မယ်..!!!!!
Subscribe to:
Posts (Atom)