မြိတ်မြို့ကစာသံ၊ပေသံလေးတွေကြားချင်တယ်၊ ဖတ်ချင်တယ်။ (( အားလုံးနဲ့အတူ မျှဝေခံစားချင်ပါတယ် ))
ဘိတ်သူ/သားတွေရဲ့ ရင်တွင်းဖြစ်တွေ....
Sunday, November 17, 2013
အဆုံးသတ်မဲ့ ((( ဇင်ကဗျာ )))
လောကဓံကြီးမှာ
နေ့ပြီးရင် ညရောက်တယ် ။
လမင်းက ပြည့်ပြီးရင် ကွယ်ရတယ် ။
နေမင်းကြီးက အရှေ့ကလာလို့ အနောက်ရောက်ရတယ် ။
စပြီးရင် ဆုံးရတဲ့
လောကဓံကြီးမှာ
အသစ်တွေဟာလည်း ဟောင်းရသေးတာပဲ့။
ဒါဆို
အချစ်တွေကရော . . . . . . . .???
မောင်
ကျွန်မကို
Valentine Day မှာ
နိဂုံးမရှိတဲ့ အချစ်တွေကိုပဲ့ပေးပါနော် ။ ။
************************
2014 ဖေဖေါ်ဝါရီ (14) Valentine Day မှာ ချစ်တဲ့သူတိုင်း အဆုံးမရှိတဲ့အချစ်တွေ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Beautiful Words of Myeik မှ
ဆုမွန်ကောင်းများတောင်းပေးလိုက်ပါတယ်--------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment