မြိတ်မြို့ကစာသံ၊ပေသံလေးတွေကြားချင်တယ်၊ ဖတ်ချင်တယ်။ (( အားလုံးနဲ့အတူ မျှဝေခံစားချင်ပါတယ် ))
ဘိတ်သူ/သားတွေရဲ့ ရင်တွင်းဖြစ်တွေ....
Monday, November 11, 2013
ကစဥ့်ကလျား သီအိုရီ (((( ဇာမဏီ ))))
စိတ်တွေက ကစဥ့်ကလျားနဲ့
အနာဂါတ်တွေမှာ တိမ်တွေဖုံးလို့
ချစ်သူဆိုတာ မသေချာသေးတော့
လက်ကျန်ဘ၀တစ်ပိုင်းကို “ဇကာ”ချ ကြည့်ရင်
လူပျိုကြီးလုပ်ရင် ကောင်းမှာလား............????
အိမ်ထောင်ပြုရင် ကောင်းမှာလား... ???? လို့
အတွေးပွားစရာ တပုံတပင်နှင့်
ဆုံးဖြတ်ချက်တွေ ဘက်မညီလို့
(အမယ်လေး) မဏိမေခလာရယ်..
ဖုန်းနံပါတ်လေး “မစ” ပါအုံး........။
လူပျိုကြီးဘ၀ တခဏကို
အတွေးနဲ့တင် ကြောက်ခဲ့သူက
မိန်းမပြောင်းယူ ၄င်းအတူမို့
ရဟန်းအသွင်နဲ့ တောထွက်မယ်စိတ်ကူး
တကိုယ်တည်းမို့ အားငယ်တယ်.....။
ဘ၀ပင်လယ် သံသရာဝဲက
ရုပ်နာမ်တွေ သစ္စာတွေနဲ့
သတ္တ၀ါဒုက္ခ အနန္တမို့
ပါရမီပျိုးစေ့ အထုံပါစေဖို့..
(အမယ်လေး) ကိုရင်ကြီးပဲ့..လုပ်တော့မယ်..!!!!!
Subscribe to:
Post Comments (Atom)
No comments:
Post a Comment