ဘ၀တိမ်တိုက် မိုးကောင်းကင်ထက်
ပျံသန်းငှက်ငယ်တစ်ကောင်
တောင်ပံတွေခတ် သူပျံသန်းနေတယ်. . . . . ။
တိမ်စိုင်မည်းမည်း ဖုံးအုပ်ထားလို့
ရှေ့လမ်းဘယ်ဝယ် သူမမြင်ဘဲ
တစ်ခါတစ်လေလည်း ညိုးမိတယ် . . . . . . ။
အများကိုကျော်တက်
တောင်ပံဝံ့လို့ ကောင်းကင်ပြာထက်
တစ်ခါတစ်ရံလည်း ပျော်ခဲ့တယ် . . . . . . ။
နောက်ကျကျန်လို့
မာန်တွေလျော့မယ် သူကြံတိုင်းလည်း
အဖြစ်ချေဘူး အံကိုတင်းလို့
အားတင်းရင်းလည်း ပျံခဲ့တယ် . . . . . . ။
အများနဲ့ပြိုင် ကိုယ်မနိုင်လည်း
အများနဲ့ပြိုင် ကိုယ်နိုင်ရင်လည်း
ပျော်ရွှင်/၀မ်းနည်း မရှိဘဲလျှက်
ရည်ရွယ်ချက်ဖြင့် ရှေ့သို့သာချီ
သူပျံနေသည် . . . . . . ။
နောက်ကျလည်း မကြောက်
ရှေ့ရောက်လည်း မပျော်
ကောင်းကင်ပေါ်ထက် တောင်ပံဝံ့လို့
မိုးတိမ်ထိုးဖေါက် ရှေ့ဆက်လျှောက်မည်
ငါသည် အမြင့်ပျံငှက် ။ . . . . . . . ။
No comments:
Post a Comment