မြိတ်မြို့ကစာသံ၊ပေသံလေးတွေကြားချင်တယ်၊ ဖတ်ချင်တယ်။ (( အားလုံးနဲ့အတူ မျှဝေခံစားချင်ပါတယ် ))
ဘိတ်သူ/သားတွေရဲ့ ရင်တွင်းဖြစ်တွေ....
Monday, November 11, 2013
အမေ့ကျေးဇူး အမေ့သြ၀ါဒ ((((( တေးရှင် -မြိတ်)))))
@@ ဒို့အမေဟာ ........... ငါတို့တတွေကို
ကလလကြည် ရေအတည်မှ
စဖြာသက်ဆင်း မိဝမ်းတွင်းဝယ်
ကိုးလ၀ယ်မှီ ဆယ်လတည်သော်
ဝမ်းမှသက်ဆင်း လူ့ပြေတွင်းသို့
ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သက်
အူဝဲငိုစ ကလေးဘ၀မှ
နို့ချိုတိုက်ကျွေး ၀ါးဖတ်ကျွေးဖြင့်
မှက်၊ခြင်မသန်း ဘေးဘယမ်းတို့
ကင်းစင်ကွာအောင် တာဝန်ယူတာ ဒို့အမေပါ။
@@ ဒို့အမေဟာ .......... ငါတို့တတွေကို
ပုဗ္ဗာစရိယ မိနှင့်ဖမို့
အရွယ်သို့ရောက် လူလားမြောက်သော်
တာဝန်အပြည့် တကယ်သိ၍
အရိပ်တကြည့်ကြည့် စောင့်ကြပ်ကြည့်လျှက်
မကောင်းမြစ်တား ကောင်းညွှန်ကြားကာ
အကြောင်းအကျိုး အသိတိုးအောင်
ဆုံးမတတ်တာ ဒို့အမေပါ။
@@ ဒို့အမေဟာ ..............ငါတို့တတွေကို
အပေါင်းအသင်း မခုန်လျင်းနဲ့
အပေါင်းသင်းကြောင့် ကိုယ့်ဂုဏ်ပျောက်၍
အပေါင်းသင်းကြောင့် ဂုဏ်လည်းမြောက်၏
ဂုဏ်မြောက်၊မမြောက် ချင့်ချိန်ထောက်၍
ပေါင်းသင်းစေတာ ဒို့အမေပါ။
@@ ဒို့အမေဟာ .......... ငါတို့တတွေကို
ချစ်သားလူလေး ဒို့ရဲ့သွေးဟာ
အကျင့်မြတ်၍ တရားမွေ့သူ
ဤကားကုသိုလ် အကုသိုလ်ဟု
ခွဲခြမ်းစိတ်ဖြာ ဝေခွဲလာသူ
အမေ့ချစ်သား...............
အမှားအမှန် ခွဲဝေဖန်လျှက်
အမှားကိုပစ် အမှန်စွက်၍
တရားလမ်းစဉ် အမြဲပင်လျှင်
ခါးဝတ်ပုဆိုး သူ့ပုံမျိုးလို
အမြဲကျင့်သုံး နေ့စဉ်သုံးဟု
ဆုံးမတတ်တာ ဒို့အမေပါ။
အမေ့ကျေးဇူး များလှပြီ................။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment