ဘိတ်သူ/သားတွေရဲ့ ရင်တွင်းဖြစ်တွေ....

Monday, November 11, 2013

ငြိမ်းချမ်းရေး ((( ရဲတခွန်- မြိတ်))) 31.12.2013

ငြိမ်းချမ်းရေးဆိုတာ------
အိမ်တွင်းအိမ်ပ ၀န်းကျင်လှဖို့
ပြည်တွင်းပြည်ပ ပေးယူမျှဖို့
အပြုံးစစ မာန်တွေချဖို့
လက်နက်ခဲယမ်း တယ်မကြမ်းဖို့
ဗုံးဆံလက်နက် ချိုးချေဖျက်ဖို့
အာဏာကိုသုံး ငွေနဲ့မဖုံးဖို့
ကြီးနိုင်ငယ်ညှင်း မာန်မတင်းဖို့
မာန်ထန်အပြင်း ခံမငြင်းဖို့
အမှန်ထွက်ဆို တရားမပြိုဖို့
ပေါ်မှအောက်ထိ မျှအောင်ကြည့်ဖို့
ဗြဟ္မာစိုလေး မျှအောင်ပေးဖို့
မင်းလည်းမင်းကျင့် ပြည်သူကျင့်ဖို့
ပထ၀ီမှာ သွေးမဖြာဖို့
ပထ၀ီအား အများခိုနားဖို့
ပင်လင်ချောင်းမြောင်း သွေးရောင်မပြောင်းဖို့
ပင်လယ်မြစ်ဖျား အများအားထားဖို့
လက်ဝါးကြီးအုပ် ရန်မလုပ်ဖို့
အများပြည်သူ စိတ်ကြည်ဖြူဖို့
ရန်ငြိုးရန်စ ချေမှုန်းကြဖို့
အမုန်းမဖက် အပြုံးဆက်ဖို့
သတ်ဖြတ်ညှင်းဆဲ စစ်မနွဲဖို့
အချင်းချင်းကူးလူး မေတ္တာပူးဖို့
တစ်ဦးကိုတစ်ဦး ချစ်ရည်လူးဖို့
ကိုယ့်ရဲ့ရန်ဘက် မိတ်ဆွေဖြစ်ဖို့
မိတ်ဆွေစကား ခါခါကြားဖို့
အောင်လမ်းကိုထွင် အောင်လံတင်ဖို့
ငြိမ်းချမ်းရေးတွက် ခရီးဆက်လို့---
နေမ၀င်ခင် အပြီးနှင်စို့
အလင်းရောင်မပျောက်ခင်ပေါ့---------------
********************************
2011 ခုနှစ်၊ဒီဇင်ဘာလ (31) ရက်နေ့၊မြိတ်မြို့၊မြိတ်တောင်နယ်မြေ၊အောင်မင်္ဂလာစာကြည့်တိုက်တွင် ပြုလုပ်သည့် စာပေလှုပ်ရှားမှုကဗျာရွတ်ပွဲတွင် ကဗျာဝါသနာရှင်(((( ရဲတံခွန်(မြိတ်)))) ဖတ်ကြားခဲ့သော ကဗျာလေးဖြစ်ပါတယ်ခဗျာင်္း--------
******************************
ကျွန်တော့်ကို မေတ္တာလက်ဆောင်ပေးခဲ့တဲ့ ကဗျာလေးကို ခွင့်ပြုချက်တောင်းပြီး ပြန်တင်လိုက်ခြင်းဖြစ်ပါတယ်----------------
((မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ------------------
ကမ္ဘာကြီးလည်း ငြိမ်းချမ်းပါစေလို့
တောင်းဆုပြုလိုက်ပါတယ်---------------))



No comments:

Post a Comment