မြိတ်မြို့ကစာသံ၊ပေသံလေးတွေကြားချင်တယ်၊ ဖတ်ချင်တယ်။ (( အားလုံးနဲ့အတူ မျှဝေခံစားချင်ပါတယ် ))
ဘိတ်သူ/သားတွေရဲ့ ရင်တွင်းဖြစ်တွေ....
Monday, November 11, 2013
တို့ပြေ တို့ရွာ တို့မြန်မာ (((( ရဲတခွန်-မြိတ်))))
တို့ပြေ တို့ရွာ တို့မြန်မာကား
စိုပြေလန်းဆန်း ရေစိမ့်စမ်းနှင့်
တောအထပ်ထပ် တောင်အထပ်ထပ်ဖြင့်
သာမောဘွယ်ရာ တို့မြန်မာတည်း။
တို့ပြေ တို့ရွာ တို့မြန်မာကား
သယံဇာတ တတိုင်းရ၍
ရေအောက်မြေပေါ် တောင်ပေါ်တောက်အောက်
မက်လောက်စရာ တို့မြန်မာတည်း။
တို့ပြေ တို့ရွာ တို့မြန်မာကား
ဆန်ရေစပါး ပေါလှိုင်များ၍
သားငါးစုံလင် ပုလဲဘုရင်နှင့်
စိန်၊ ရွှေများတာ တို့မြန်မာတည်း။
တို့ပြေ တို့ရွာ တို့မြန်မာကား
ရာသီဥတု သူမတုနှင့်
သုံးရပ်ရာသီ စိန်မြမည်သို့
နေချင်စရာ တို့မြန်မာတည်း။
တို့ပြေ တို့ရွာ တို့မြန်မာကား
ဘာသာအရောင် ထွန်းလင်းပြောင်၍
ထေရ၀ါဒ ရှေ့ဆောင်ပြကာ
မညိုးသာသနာ တို့မြန်မာတည်း။
တို့ပြေ တို့ရွာ တို့မြန်မာကား
ပိဋကတ်တတ် သံဃာမြတ်နှင့်
စေတီပထို ပေးလှိုင်ဖြိုး၍
ကြည်ညိုစရာ တို့မြန်မာတည်း။
မြန်မာ့ရိုးရာ ထိန်းသိမ်းပါ..............။
@@@@@@@@@@@@@@@@@@@@@@@@@@
beautifulwordsofmyeik@gmail.com သို့ မြိတ်သူ/သား စာပေ၀ါသနာရှင်
များ၏ သုတ/ရသ စာပေများကို ပေးပို့နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါ
သည်။ (((( ပေးပို့လာသော ကဗျာစာပေများသည် ကိုယ်တိုင်ရေးသား ထားခြင်းဖြစ်ရပါမည်။ ))))
Subscribe to:
Post Comments (Atom)
No comments:
Post a Comment